မေတ္တာဝါဒီ ဇီဝိတဒါနဆေးခန်း ဖွင့်လှစ်ပုံ အခြေအနေ နှင့် မှတ်တမ်းဓါတ်ပုံများ မေတ္တာဝါဒီ ပရဟိတ ဇီဝိတဒါနဆေးခန်းအခြေအနေ
(၁)မေတ္တာဝါဒီ ဇီဝိတဒါနဆေးခန်းအား (၁၁-၂-၂ဝဝ၉) နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဆေးခန်းတွင် တာဝန်ခံဆရာဝန်-ဒေါက်တာနုနုယဉ်၊လက်ထောက်တာဝန်ခံ-ဒေါက်တာဦးစိုးရင်၊သွားဆရာဝန်-ဒေါက်တာ ခိုင်ဇင်လတ်နှင့် ခွဲစိတ်ဆရာဝန်-ဒေါက်တာပြည့်စုံထွန်းတို့မှ အလှည့်ကျ လာရောက်ကုသပေးပြီး အကူ သူနာပြု
(၂)ယောက်နှင့်အတူ နေ့စဉ်နံနက်-၈း၃ဝ မှ ၁၁းဝဝ အထိ၎င်း၊ ညနေ-၅းဝဝ မှ ၇းဝဝ အထိ၎င်း ဆေးခန်းဖွင့်လှစ်ပေးလျက်ရှိပါသည်။
ကျောင်းတိုက်ရှိ ရဟန်းသာမဏေကျောင်းသားများအပြင်၊ပြင်ပမှလူနာများကိုလည်း လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေး အခမဲ့ကုသပေးလျက်ရှိရာ တနေ့လျှင် လူနာ-၆ဝ ခန့် လာရောက်ကုသကြပါသည်။
(၂) ဆေးခန်းအတွက်ဆေးဝါးပစ္စည်းများမှာ လစဉ်- ၅သိန်းဘိုးခန့် ကုန်ကျလျှက်ရှိရာ Shine Hope Co.,Ltd မှ ဆေးပဒေသာပင်အဖြစ် ကျပ်-၁၅ဝ,ဝဝဝိ ကို လစဉ်လှူဒါန်းလျက်ရှိပြီး အခြား ပြည်တွင်း /ပြည်ပမှ အလှူရှင်များကလည်း အခါအားလျော်စွာ ပါဝင်လှူဒါန်းလျက်ရှိကြပါသည်။
(၃) မေတ္တာဝါဒီ ပရဟိတဇီဝိတဒါနဆေးခန်း ရေရှည်တည်တန့် အောင်မြင်ရန်အတွက်ပြည်တွင်း/ပြည်ပ မှစေတနာရှင်များအားလုံးပါဝင်လှူဒါန်းကြိုးပမ်းကြရန် လိုအပ်ကြောင်းအောက်ပါ''တိုက်တွန်းနှိုးဆော်လွှာ''
သံပေါက်ကဗျာကို တင်ပြလိုက်ရပါသည်။
'ဇီဝိတဒါန-ပါဝင်ကြ'
မေတ္တာဝါဒီ ရည်ရွယ်ထား၊ သတ္တဝါအများ ချမ်းသာစေ။
ချို့တဲ့သူကို ဖေးကူမလို့၊ လဲနေသူလည်း ဆွဲထူပေ။
သက်ရှည်ကျန်းမာ ချမ်းသာကြဖို့၊ ကျန်းမာရေးကို ရွက်ဆောင်နေ။
ဆရာတော်ဘုရား မေတ္တာပွားလို့၊ ဆရာဝန်များက စွမ်းဆောင်နေ။
တိုးပွားအောင်မြင် အစဉ်မြဲအောင်၊ အသင်တို့လည်း ရွက်ဆောင်လေ။
အများသူငှာ သဒ္ဓါပွားလို့၊ စေတနာထား ထောက်ပံ့လေ။
အဲဒါမှ ဇီဝိတဒါန၊ ထာဝရ အောင်မြင်မလေ။
(အရှင်သာသန-မေတ္တာဝါဒီ)
 |
 |
| တာဝန်ခံဆရာမကြီး ဒေါက်တာနုနုယဉ် |
လက်ထောက်တာဝန်ခံ ဆရာကြီး ဒေါက်တာဦးစိုးရင် မှလူနာအားစမ်းသပ်ပုံ |
|