home
   
Donor List

ကွန်ပျူတာသင်တန်းကို ၂၀၁၀ ခုနှစ် နွေရာသီတွင် ပထမအကြိမ် စတင်ဖွင့်လှစ် သင်ကြားပေး ခဲ့ပါသည်။ (၁၅-၃-၂၀၁၀) နေ့တွင် Software သင်တန်းဆရာမ ဒေါ်နှင်းမြတ်လင်း မှ သင်တန်းသား (၂၂)ယောက် နှင့် Hardware သင်တန်းဆရာ ဦးနေလင်းထွန်းမှ သင်တန်းသား (၇) ယောက်ကို သင်ကြားပေးခဲ့ပါသည်။ ကွန်ပျူတာသင်တန်းများကို စတင်သင်ကြားပေးရန် ဖြစ်ပေါ်လာသော အခြေအနေမှာ UNDP မှ ၎င်းတို့ အသုံးမလိုသော ကွန်ပျူတာများ၊ ပရင်တာများ နှင့် ကင်မရာများကို လာရောက်လှူဒါန်းကြရာ ပြန်လည်ပြုပြင် တပ်ဆင်ပြီး ကွန်ပျူတာ (၁၀) လုံးခန့်ရှိသဖြင့် ပရဟိတကျောင်းသားများ၏ ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာကို ဖြည့်ဆည်းပေးသောအားဖြင့် ကွန်ပျူတာသင်တန်းကို စတင်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ပေသည်။
မေတ္တာဝါဒီပရဟိတကျောင်းတိုက်-နွေရာသီကွန်ပျူတာသင်တန်း (ပထမအကြိမ်)
Hardware သင်တန်းဆရာ - ဦးနေလင်းထွန်း နှင့် တပည့်ကျောင်းသားများ-
ကျော်ထွန်းနီ၊ ချမ်းမင်းသူ၊ နိုင်းဟုန်၊ စောနိုင်၊ ကျော်ရဲအောင်၊ လိန်းစာ၊ ညီကျော်အေး၊ ပြည်စိုး
(၃.၃.၂၀၁၀ မှ ၁.၆.၂၀၁၀ ထိ)
မေတ္တာဝါဒီ ဟင်္သာ (ပရဟိတ) ကျောင်းတိုက်
ပထမအကြိမ် - နွေရာသီကွန်ပျူတာ သင်တန်းဆင်းပဲမှတ်တမ်း (၁၅.၃.၂၀၁၀) မှ (၃၀.၅.၂၀၁၀)ထိ
(ရှေ့တန်း-ဝဲမှယာ) သန္တာအောင်၊ ဇင်မာလွင်၊ ဆရာမ-ဒေါ်နှင်းမြတ်လင်း၊ သိမ့်သီတာလှိုင်
(အလယ်တန်း) ဝင်းဦး၊ ပြည်စိုး၊ ဝင်းကြည်၊ နိုင်းဟုန်း၊ အောင်သက်ပိုင်၊ ထွန်းကျော်၊ ရဲသူအောင်၊ မျိုးညွှန့်
(နောက်တန်း) စိုးနိုင်၊ ကျန်စာ၊ ထွန်းအေး၊ အိုက်ထွန်း၊ ကျော်စိုး၊ ကျော်ထွန်းနီ၊ စည်သူဝင်းထွဋ်၊ ကျော်ရဲအောင် (၃.၃.၂၀၁၀ မှ ၁.၆.၂၀၁၀ ထိ)


မေတ္တာဝါဒီ ဟင်္သာတ (ပရဟိတ) ကျောင်းတိုက်သည် တိုင်းရင်းသား ပအိုဝ့်၊ ပလောင် ၊ ရှမ်း ၊ ကယန်း ကရင်၊ ရခိုင် ၊ မွန် ၊ ဗမာ စသော မိမဲ့ဖမဲ့ မိဖမဲ့ ဆင်းရဲနွမ်းပါးသော ကလေး (၃၇၀) ကျော်ကို ပြုစုပျိုးထောင်နေသည့် ပရဟိတ ကျောင်းတိုက်ဖြစ်ပြီး စားဝတ်နေရေး ပညာရေး ကျန်းမာရေး လူမှုရေးစသည် တို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျှက်ရှိ ရာ ပရဟိတအကျိုး အမျိုးဘာသာ သာသနာအကျိုးကို ဆောင်ရွက်လိုသူ စေတနာရှင် မိဘပြည်သူများမှာ စေတနာသဒ္ဓါတရားအပြည့်ဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို အောက်ပါ “ပရအကျိုး ဒို့သည်ပိုးစို့” ဟူသော စာလွှာဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။

“ပရအကျိုးဒို့သယ်ပိုးစို့”
မိဘမဲ့သူ ချို့တဲ့သူကို၊ ဖေးကူသနား မေတ္တာထား၍
စားဝတ်နေရေး ပညာရေးနှင့်၊ လူမှုရေးရာအဖြာဖြာကို
ပြည့်လာစေကြောင်း အားဖြည့်လောင်းကာ၊ စုပေါင်းညီညာ ဤဂေဟာတွင်
သင်လည်းယခုကုသိုလ်ပြုလော့။
အရှင်သာသန(မေတ္တာဝါဒီ)

© 2006 Myittawardi Parahita. All rights reserved.