ပရဟိတကျောင်းသားများ အသက်မွေးဝမ်းကျောင်း ပညာရရှိစေရန် - (၁၀) တန်းကျောင်းသား (၃) ယောက်အား ကားမောင်းသင်တန်းကို တက်ရောက် သင်ကြားပေးခဲ့ပါသည်။
မေတ္တာဝါဒီ ဟင်္သာတ (ပရဟိတ) ကျောင်းတိုက်သည် တိုင်းရင်းသား ပအိုဝ့်၊ ပလောင် ၊ ရှမ်း ၊ ကယန်း ကရင်၊ ရခိုင် ၊ မွန် ၊ ဗမာ စသော မိမဲ့ဖမဲ့ မိဖမဲ့ ဆင်းရဲနွမ်းပါးသော ကလေး (၃၇၀) ကျော်ကို ပြုစုပျိုးထောင်နေသည့် ပရဟိတ ကျောင်းတိုက်ဖြစ်ပြီး စားဝတ်နေရေး ပညာရေး ကျန်းမာရေး လူမှုရေးစသည် တို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျှက်ရှိ ရာ ပရဟိတအကျိုး အမျိုးဘာသာ သာသနာအကျိုးကို ဆောင်ရွက်လိုသူ စေတနာရှင် မိဘပြည်သူများမှာ စေတနာသဒ္ဓါတရားအပြည့်ဖြင့် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းကို အောက်ပါ “ပရအကျိုး ဒို့သည်ပိုးစို့” ဟူသော စာလွှာဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပေသည်။
“ပရအကျိုးဒို့သယ်ပိုးစို့”
မိဘမဲ့သူ ချို့တဲ့သူကို၊ ဖေးကူသနား မေတ္တာထား၍
စားဝတ်နေရေး ပညာရေးနှင့်၊ လူမှုရေးရာအဖြာဖြာကို
ပြည့်လာစေကြောင်း အားဖြည့်လောင်းကာ၊ စုပေါင်းညီညာ ဤဂေဟာတွင်
သင်လည်းယခုကုသိုလ်ပြုလော့။
အရှင်သာသန(မေတ္တာဝါဒီ)
|