home
   
Donor List

 

၁။  မေတ္တာဝါဒီဆရာတော်ကြီး၏ မူလရည်ရွယ်ချက်မှာ ပရိယတ္တိ ၊ ပဋိပတ္တိ၊ ပရဟိတဟူသော (ပ)သုံးလုံးကို အကောင် အထည်ဖေါ်ရန် ရည်ရွယ်သည့်အတိုင်း လက်ရှိပဓာန  နာယကဆရာတော်ကြီး၏ ဦးဆောင် လမ်းညွှန် မှုဖြင့်  အကောင် အထည်ဖေါ်လျှက်ရှိရာ စေတနာရှင် မိဘပြည်သူများကလည်း တိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းကြ ရန် အထူး လိုအပ်လှပါသည်။
 
၂။ ယခုအခါ ၉ ထပ်ကျောင်းကြီးပြီးစီးပြီဖြစ်၍ ပရဟိတကျောင်းသားပေါင်း (၃၇) ယောက်ရှိရာ ပရဟိတလူငယ် များကို (၅၀၀) အထိ လက်ခံပြီး စနစ်တကျပြုစုပျိုး ထောင်သွားကြရန်
၃။ ယခုလက်ရှိ မေတ္တာဝါဒီဆရာတော်ကြီးသည် မေတ္တာဝါဒီဟင်္သာတပရဟိတကျောင်း တိုက်ကြီး အပြင် မြန်အောင် မြို့နယ်ဖက်ဝင်းကုန်းရွာတွင် မေတ္တာသီတဂူ ဓမ္မရိပ်သာ ပရဟိတကျောင်းနှင့် လှိုင်သာယာမြို့နယ် ၂၂ ရပ်ကွက် ပဒုမ္မာလမ်းတွင် မေတ္တာသီတဂူ (မိန်းကလေးပရဟိတ)သီလရှင်ကျောင်းကို တိုးချဲ့ ဖွင့်လှစ်ထားပြီး ဖြစ်၍ ပရဟိတ   ယောကျာ်းလေးများအပြင်  ပရဟိတမိန်းကလေးများအတွက်ပါ စားဝတ်နေရေး ၊ပညာရေး၊ ကျန်းမာရေး စသည်တို့ကို ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသဖြင့် ပြည်တွင်းပြည်ပမှ စေတနာ ရှင်မိဘပြည်သူများမှ သိရှိပြီး စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ပါဝင်ကူညီကြရန်
၎။ ဤကျောင်းတိုက်ကြီးတွင် ပရဟိတ ဇီဝိတဒါန ဆေးခန်းကိုဖွင့်လှစ်ထားပြီး ဆင်းရဲချမ်းသာ လူမျိုးဘာသာ မရွေး အခမဲ့ဆေးဝါးကုသပေးလျက် ရှိရာ ယခုထက်ပိုမိုတိုးတက်အောင်မြင်ပြီး ရေရှည်အောင်မြင်ရန် အတွက် လည်း စေတနာရှင်မိဘပြည်သူများမှ သိရှိနားလည်ပြီး ပါဝင်ကူညီကြရန်
၅။ ပရဟိတကလေးများ၏ အနာဂတ်ဘဝရှေ့ရေး စိတ်အေးစေရန် နှင့် ၎င်းတို့၏ ကိုယ်ပိုင်ဘဝရပ်တည်နိုင်ရေး အတွက် အသက်မွေးဝမ်းကျောင်း ပညာများ(၁) ကွန်ပျူတာ Professionals များဖြစ်ပေါ်စေရန်၊(၂) ကားမောင်း သင်တန်း ၊(၃) စက်ပြင်သင်တန်း ၊(၄) မိန်းကလေးများအတွက် အိမ်တွင်းမှုလုပ်ငန်းသင်တန်းများ ကိုတိုးချဲ့ဖွင့် လှစ်သွားရန်
၆။ ကျောင်းတိုက်ကြီးတွင် မှီတင်းနေထိုင်ကြကုန်သော ရဟန်းသာမဏေ ကျောင်းသားများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသော လူမှုရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပရအကျိုးကို ဆောင်ရွက်လိုသူ ပြည်တွင်း၊ပြည်ပမှ စေတနာရှင် မိဘပြည်သူများမှ အားလုံးပါဝင်ကူညီဆောင်ရွက်ကြရန်
၇။ အမျိုးဘာသာ သာသနာအကျိုးကို ဤကဲ့သို့ အားသွန်ခွန်စိုက်ဆောင်ရွက်ယင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အေးချမ်းသာယာသော လူ့ဘောင်လောကကြီးသို့ လက်တွဲညီညီ ပါဝင်ဆောင်ရွက်ကြပါစို့
   

အရှင်သာသန(မေတ္တာဝါဒီ)
အထွေထွေအကျိုးတော်ဆောင်
မေတ္တာဝါဒီဟင်္သာတ(ပရဟိတ)ကျောင်းတိုက်
လှိုင်မြို့နယ်၊ရန်ကုန်တိုင်း
ဖုန်း ၀၁-၅၂၁၃၆၄ ၊ ၀၉-၈၅၈၃၅၈၀
© 2005 Myittawardi Parahita. All rights reserved.
Designed by Inforithm-Maze.