| ၁။ ဘွဲ့တော် ----- |
ဘဒ္ဒန္တသီလာနန္ဒ |
| ၂။
ကျောင်းတိုက် ----- |
မေတ္တာဝါဒီ
ဟင်္သာတ(ပရဟိတ)
ကျောင်းတိုက် |
| ၃။
အသက်၊ သိက္ခာ၊
ဂိုဏ်း ----- |
သက်တော်(၆၆)၊
သိက္ခာတော်(၄၆)၀ါ၊
မဟာဒ္ဂါရဂိုဏ်း |
| ၄။ မွေးသက္ကရာဇ် ----- |
၁၃၀၄ ခု၊
နယုန်လဆန်း(၁၄)ရက်၊
သောကြာနေ့ |
| ၅။ ဇာတိရပ်ရွာ ----- |
ဧရာဝတီတိုင်း၊
မြန်အောင်မြို့နယ်၊
ဒေါင်းကျအုပ်စု၊
တလိုင်းခြံရွာ |
| ၆။
ခမည်းတော်၊
မယ်တော်အမည် ----- |
ဦးဘိုကဲ+ဒေါ်အေးမြ |
| ၇။ ရှင်ရဟန်းပြုခြင်း ----- |
(၁၁) နှစ်
အရွယ်တွင်
မွေးရာဇာတိ
ဧရာဝတီတိုင်း
မြန်အောင်မြို့နယ်၊
ဒေါင်းကျအုပ်စု၊
တလိုင်းကုန်းကျောင်းဆရာတော်ကို
ဥပဇ္ဈယ်ပြု၍
ဦးကြီး၊
ဦးဖိုးတုတ်၊
အမိကြီးဒေါ်မယ်ရေ
တို့၏
ပစ္စယာနုဂ္ဂဟ
ခံယူ၍ ရှင်သာမဏေ
ပြုခဲ့သည်။ |
| |
၁၂၂၄
ခုနစ်
တန်ခူးလဆုတ်(၃)
ရက်နေ့တွင်၊
တလိုင်းကုန်းကျောင်း
ဆရာတော်
ဦးဣန္ဒောဘာသကို
ဥပစ္ဈယ်ပြု၍
တလိုင်းကုန်းကျောင်းခဏ္ဍသိမ်၌
ဧရာဝတီတိုင်း၊
မြန်အောင်မြို့နယ်၊
ဒေါင်းကျအုပ်စု၊
တောဇာကုန်းရွာနေ
ဦးဖိုးမှင်+ဒေါ်သန်းရင်တို့၏
ပစ္စယာနုဂ္ဂယကိုခံယူ၍
မြင့်မြတ်သော
ရဟန်းအဖြစ်သို့
ရောက်ရှိခဲ့သည်။
|
| ၈။
စာပေသင်ယူခြင်း ----- |
ရောဝတီတိုင်း၊
မြန်အောင်မြို့နယ်၊
ဒေါင်းကျအုပ်စု
တလိုင်းကုန်းကျောင်းတိုက်ဆရာတော်
ဓနုဖြူမြို့
သဒ္ဓမ္မဇောတိကာရာမတောင်ပေါ် ပါဠိတက္ကသိုလ်ဆရာတော် အဘိဓဇမဟာရဋ္ဌ
ဂုရု
အဂ္ဂမဟာပဏ္ဍိတ
ဘဒ္ဒန္တ စန္ဒရံသီတိုက်အုပ်ဆရာတော်
ဘဒ္ဒန္တပုညိန္ဒ၊ တိုက်ကြပ်
ဆရာတော်
စာချဆရာတော်များ၊
ဟင်္သာတမြို့၊
ဘုရားကြီးကျောင်းတိုက်ဆရာတော်၊
ညောင်တုန်းမြို့၊ ရွှေဟင်္သာ ဆရာတော်များထံ၌
ငယ်၊ လတ်၊ ကြီး
ဓမ္မာစရိယ
စာပေ ပရိယတ္တိများကို
သင်ယူခဲ့သည်။ |
| ၉။
အောင်မြင်ခဲ့သောစာမေးပွဲများ ----- |
အစိုးရ ငယ်၊
လတ်၊
ပထမကြီးတန်း။ |
| ၁၀။
သာသနာရေးဆောင်ရွက်ချက်များ ----- |
| ဆရာတော်သည်
ဧရာဝတီတိုင်း၊မြန်အောင်မြို့နယ်၊
ညောင်ဝိုင်းအုပ်စု၊
ဆင်ကျွန်း၊
ရေလယ်ကျွန်းကျေးရွာ အောင်သုခကျောင်းတိုက်
တွင်
(၁၃၃၀) ခု
နှစ်မှ
(၁၃၄၆)ခု
နှစ်အထိ (၁၆)
နှစ်
တိုင်တိုင်
ကလေးသူငယ်တနှစ်လျှင်
ကျောင်းသား၊ ကျောင်းသူ(၁၀၀)ကျော်ကို
ဘုန်းကြီးသင်ပညာရေးကျောင်းလည်းကောင်း၊
ဗုဒ္ဓဘာသာယဉ်ကျေးမှုပညာကို
လည်းကောင်း၊ ပိဋကတ်မြန်မာပြန်စာမေးပွဲ ကိုလည်း
ကောင်း
သင်ကြားပို့ချခဲ့ပါသည်။
ဗုဒ္ဒဘာသာယဉ်ကျေးမှု
ခေါင်းပါးသော
တနင်္သာရီတိုင်း၊
မြိတ်ခရိုင်
မြိတ်အရှေ့ မြို့နယ် ၊
ပြင်းငယ်အုပ်စု၊
ဆံလှတောရပ် ဆံလှတော
ကျောင်းတွင်
(၁၃၄၆)
ခုနှစ်မှ(၁၃၆၂)အထိသီတင်းသုံး၍ှုှုှုှု
ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊
အဘိဓမ္မာသင်တန်း၊ ပဌာန်းသင်တန်းများ
ကို
ပတ်ဝန်းကျင်ရှိရွာများမှ
လူကြီး
လူငယ်ကလေးများကိုလည်း
(၁၆)နှစ်တိုင်တိုင်သင်ကြား
ပို့ချခဲ့ပါသည်။
၎င်းဒေသဖြစ်သော
တနလ်ာရီတိုင်း၊
မြိတ်ခရိုင်၊
မြိတ်အရှေ့မြို့နယ်၊
ပြင်းငယ်အုပ်စု
ဆံလှတောကျောင်း၌သီတင်းသုံး၍(၁၃၄၉) ခုနှစ်
မှ
(၁၃၅၇) ထိ
ကျေးရွာအုပ်စု
သံဃာနာယကဥက္ကဌ
အဖြစ်လည်ကောင်း၊
(၁၃၅၇)ခုနှစ်မှ(၁၃၆ရ)ခုနှစ်အထိ
စတုတ္တအကြိမ် ကျေးရွာ
အုပ်စု
သံဃာနာယက
ဝိနည်းဓိုရ်
ဆရာတော်အဖြစ်လည်ကောင်း
သာသနာ့
တာဝန်ကိုထမ်းဆောင်ခဲ့ပါသည်။
|
| ၁၁။
စာပေပို့ချခြင်း ----- |
| ဧရာဝတီတိုင်း
၊ မြန်အောင်မြို့နယ်၊
ရိုက်အုပ်စု
ဖက်ဝင်းကုန်းရွာ
မေတ္တာသီတဂူဓမ္မရိပ်သာ
ပရဟိတကျောင်းတွင်
ကရင်၊ ဗမာ ရော၍
နေသောဖက်ဝင်းကုန်းရွာသူရွာသားများကို
ဗုဒ္ဓဘာသာအဖြစ်လည်းကောင်း၊
နယ်စွန်နယ်ဖျားဒေသမှ
ကယန်း၊ လထ၊ ပဒေါင်း၊ ကရင်၊ ဗမာများနှင့်
မိဘမဲ့ကလေးသူငယ်(၂၀)ကျော်ကို
ပရဟိတကျောင်းအဖြစ်
ဘက်စုံပညာများ
ကိုပို့ချပေးခဲ့ပါသည်။
ယခုအခါ
မေတ္တာဝါဒီဟင်္သာတ(ပရဟိတ)
ကျောင်းတိုက်တွင်
မိဝေး၊ ဖဝေး
ကလေး (၃၀၀) ကျော်တို့ကို လောကီလောကုတ္တရာစာပေ
များကိုသင်ကြားပေးလျှက်
စားဝတ်နေရေး၊
ကျန်းမာရေး
စသော
ဘက်စုံတိုးတက်ဆောင်ရွက်လျှက်ရှိပါသည်။ |
| ၁၂။ ရဟန်းရှင်လူတို့၏ကြည်ညို ----- |
| ဆရာတော်သည်
အမျိုးဘာသာ
သာသနာကို
ချစ်မြတ်နိုးတော်မူခြင်း၊
ကျောင်းသား၊
ကျောင်းသူများကို
လိမ္မာယဉ်ကျေး၍
လူတော်
လူကောင်းများဖြစ်လာစေရန်ရည်ရွယ်လျှက်
ဗုဒ္ဓဘာသာယဉ်ကျေးမူနှင့်
အဘိဓမ္မာ
ပိဋကတ်မြန်မာပြန်
မူလတန်းပညာများကို သင်
ကြားပေးတော်မူခြင်း၊
ဒါယကာ၊
ဒါယိကာမတို့အားမေတ္တာတရားရေအေး
အမြိုက်ဆေးတိုက်ကျွေးခြင်း၊
ဗုဒ္ဓကျင့်စဉ်တရားများကိုအခြေ
ခံမှစ၍
သင်ကြားဟောကြားပြသပေးခြင်း၊
ပရဟိတ
ဝရဂုဏ်၊
သာသနာ့ဟိတ
ဓရဂုဏ်၊ ခမာဇာဂရိယ
စသောနာယကဂုဏ်တို့ နှင့် ပြည့်စုံတော်မူခြင်းတို့
ကြောင့်ရဟန်းရှင်လူတို့
၏ ကြည်ညို
လေးစားမူခံယူရရှိတော်မူသည်။ |